ငါးသိုင်းချောင်း စက်တင်ဘာ ၉
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ စျေးများနှင့် လူစည်ကားရာနေရာများ၌ စျေးရောင်း စျေးဝယ်များ၊ ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဉီးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးခင်ညွန့်တို့က ဉီးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် လဘ္ဘရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် စားသုံးသူ ပြည်သူများအတွက် လက်ဆေးဘေစင်များ၊ ရေမလို လက်သန့်ဆေးရည်များ ထားရှိရန်၊ စားပွဲထိုးဝန်ထမ်းများနှင့် အစားအသောက် စီစဉ်ပေးသူများ နှာခေါင်းစည်း တပ်ဆင်ထားရန်တို့ကို လိုက်လံ၍ အသိပညာပေး တိုက်တွန်းနိုးဆော်ခဲ့ကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)