အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် နိုင်ငံတော်၏ အစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးသည့် ယူရီးယားဓာတ်မြေ သြဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ ဆောင်းသီးနှံ(နေကြာ) စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Sep 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကိုဗစ်−၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ် ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးမြို့မစျေး၌ ယနေ့နံနက် ၆ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းနှင့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးငွေနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မိုးညှင်းမူလတန်းကြိုကျောင်းခန်းမ၌ ယမန်နေ့မွန်းလွှဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Sep 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမ၌ ခရိုင်၊ မြို့နယ်အမျိုးသမီး‌ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှု‌ရေးအသင်းအဖွဲ့ဝင်များအား Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Sep 10,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်​ရောဂါ ကူးစက်ခံရမှု မရှိစေရန် ​ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ၊ နေအိမ်ပြင်ပထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာတတ်သည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် လမ်းဆုံနေရာများ၌  ဆောင်ရွက်ခဲ့သည်။