အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ လောက်ကိုင်မြို့၌ ပြည်ထောင်စု (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်း အနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး(ကဇာတ်ရုံ)တွင် ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
Sep 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ဒေသခံပြည်သူများအား Coronavirus Disease 2019-(COVID-19) ကြိုတင်ကာကွယ်နိုင်ရေးနှင့် စပ်လျဉ်းပြီး နှာခေါင်းစည်း Mask များစနစ်တကျတပ်ဆင်နိုင်ရေး အတွက် ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ပြည်သူများသွားလာမှုအများဆုံးနေရာတစ်ခုဖြစ်သော အမှတ်(၁)ရပ်ကွက်၊ ကြာပန်းအဝိုင်း လမ်းဆုံတွင် Mask Campaign ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်ခြင်းကို မိုင်းပန်မြို့နယ်လူစည်ကားရာ မြို့မဈေးရှေ့နှင့် မွေတော်ဈေးရှေ့၌ ယမန်နေ့နံနက် ၆ နာရီအချိန်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာစေရေး Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Sep 10,2022
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ရွာသစ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြည်သူများ၊ တွေ့ဆုံပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက  ရွာသစ်ကျေးရွာ ဓမ္မသုခဓမ္မာရုံတွင်  ကျင်းပရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
Sep 10,2022
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ကမ္ဘာ့ရှေးဦးပြုစု​ခြင်းနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပ  ပြုလုပ်ခဲ့သည်။
Sep 10,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံးသို့ လာရောက်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံးဝန်း အတွင်း ဆောင်ရွက်ခဲ့ကြသည်။
Sep 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှပြုလုပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက အင်္ဂပူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။