အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2022
တနိုင်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်  စာပေအသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် စာပေဖတ်ရှုမှု စာဖတ်ရှိန်မြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံပညာ မူလတန်းလွန်-ဟူး‌ကောင်းကျောင်းတွင် Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်က မြို့နယ်စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 10,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ Grade-1, Grade-2 တန်းမှ ကလေးငယ်များအား အရောင်ရွေးချယ်တတ်စေရန်နှင့် ဉာဏ်ရည်ထက်မြက် တိုးတက်စေရန်အတွက် ဆေးရောင်ပြိုင်ပွဲ၊ စက္ကူ‌‌ခေါက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့သည်။
Sep 10,2022
နိုင်ငံတော်မှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် အရင်းမပျောက် မတည်‌‌ေဆာင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၅)ဘီလီယံဖြင့် မြစိမ်းရောင်စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဟိုပန်မြို့၊ ဌာနဆိုင်ရာများပူးပေါင်း၍ ဟိုပန်မြို့နယ် စံပြကျေးရွာ၊ ရွှေဝါကျေးရွာ နှင့် နောင်မိုကျေးရွာ အုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ မွေးမြူရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြသည်။