ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၆)နှစ်အောက် ဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မိုးကောင်းမြို့နယ် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်

မိုးကောင်း စက်တင်ဘာ ၁၀

၂၀၂၂ ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မိုးကောင်းမြို့နယ်အမျိုးသား ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ကချင်ပြည် နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုဆုငွေ များ အသီးသီးချီးမြှင့်ကြသည်။

ထို့နောက် ပထမဆုဖလားကို မိုးကောင်းမြို့နယ် အသက်(၁၆)နှစ်အောက်အသင်းမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ခံ ရယူခဲ့သည်။

၂၀၂၂ ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ဩဂုတ်(၂၀)ရက်မှ(၃၁)ရက်ထိပြည်နယ်အားကစားကွင်း၌ (၁၀)မြို့နယ်ယှဉ်ပြိုင် ကစားခဲ့ပြီး မိုးကောင်းမြို့နယ်မှ အသက်(၁၆)နှစ်အောက်အမျိုးသားအသင်းမှ ပထမဆွတ်ခူး အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)