မိုးညှင်း၌ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း(၁၇)ကျောင်းအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်

စက်တင်ဘာလ ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းနှင့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးငွေနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မိုးညှင်းမူလတန်းကြိုကျောင်းခန်းမ၌ ယမန်နေ့မွန်းလွှဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခန်းအနားတွင် ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က စေတနာ့ဝန်ထမ်းအဖွဲ့မှ ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏ မွန်မြတ်တဲ့ပရဟိတစိတ်ဓါတ်ကိုအခြေခံပြီး ဆောင်ရွက်နေကြတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအနေဖြင့် မိမိတို့၏လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ၊ မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မိုးကောင်း သပြေပင် ပရဟိတဂေဟာ (တတိယအဆင့်)အတွက် စားစရိတ်(၂၄၀၉၀၀၀ိ)ကျပ်၊ ဝတ်စရိတ် (၆၆၀,၀၀၀)ကျပ်၊ ဂေဟာမှူးလစာ(၃၆၀,၀၀၀)ကျပ် စုစုပေါင်း (၅၂၁၁,၀၀၀) ကျပ်၊ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၇) ကျောင်းအား တစ်ကျောင်းလျှင် ဆရာမ ထောက်ပံ့ကြေး (၉၆၀၀၀၀) ကျပ်နှင့် သင်ထောက်ကူကြေး (၁၀၀၀၀၀) ကျပ် စုစုပေါင်း (၁၀၆၀၀၀၀) နှုန်းဖြင့် (၁၇) ကျောင်းအတွက် (၁၈၀၂၀၀၀၀) ကျပ်ကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)