တနိုင်းမြို့နယ်၌  ပြည်သူများနှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

တနိုင်း စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်​ရောဂါ ကူးစက်ခံရမှု မရှိစေရန် ​ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ၊ နေအိမ်ပြင်ပထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာတတ်သည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် လမ်းဆုံနေရာများ၌  ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊  မြို့နယ်အမျိုးသမီး​ရေးရာအသင်းအဖွဲ့ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့ ပူးပေါင်း၍ ​ဒေသအတွင်း သွားလာကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ် မိဘပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စည်းကမ်းချက်များ၊ ပါးစပ်နှာခေါင်းစည်း Mask ကို လူထူထပ်သောနေရာများသို့ သွားလာပါက စနစ်တစ်ကျ တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း Mask (၁၀၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မနောမြေ(တနိုင်း)