ဇလွန်မြို့နယ်တွင် ယူရီးယားဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်း ဆောင်းသီးနှံ (နေကြာ) စိုက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဇလွန်    စက်တင်ဘာ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် နိုင်ငံတော်၏ အစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးသည့် ယူရီးယားဓာတ်မြေ သြဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ ဆောင်းသီးနှံ(နေကြာ) စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးနိုင်ကျော်စိုးတို့က မိုးစပါးစိုက်ပျိုးသောတောင်သူများအား ဓာတ်မြေဩဇာပေးအပ်ရခြင်းနှင့် အသုံးပြုပုံ နည်းစနစ်များ၊ ရရှိလာမည့် သီးနှံပိုမိုအထွက်တိုး လာမည့် အကျိုးကျေးဇူးများ၊ ဓာတ်မြေသြဇာခွဲဝေပေးအပ်မှုအပေါ် ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြသည်။

ယင်းနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများသည် မိုး စပါးစိုက်ဧက (၂၆၀၁) ဧကစိုက်သည့် တောင်သူ(၄၄၁) ဦးတို့အား ယူရီးယားဓာတ်မြေသြဇာ (၇၁၅) အိတ်တို့ကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)