သရက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ရွာသစ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြည်သူများ၊ တွေ့ဆုံပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ရွာသစ်ကျေးရွာ ဓမ္မသုခဓမ္မာရုံတွင် ကျင်းပရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအတွက် ကျေးရွာအတွက် တင်ပြဆောင်ရွက်ကြရန်နှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြေကြားပေးခဲ့ပြီး လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးက နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး နိုင်မှုနှင့် အိမ်ထောင်စုဇယား ဆောင်ရွက်ပေးနေမှု အခြေအနေများအား တင်ပြဆွေးနွေး ပေးခဲ့သည်။
ထို့နောက် ခရိုင်ဆရာဝန်ကြီးက ကျေးလက်နေပြည်သူများ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသ သည့်အခါ လိုအပ်သည့်အခတ်အခဲများရှိက တင်ပြပေးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေများ ရှင်းလင်းပြေကြားကာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပေးခဲ့သည်။ ယင်းနောက် မီးသတ်ဦစီးဌာနမှ ဒုတိယဦးစိးမှူးက မိမိတို့ဌာန၏ ရည်ရွယ်ချက် ရည်မှန်းချက် တာဝန်များနှင့် ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးက မိမိကျေးရွာ လိုအပ်ချက်များ တင်ပြခဲ့ရာ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပြောကြားပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား နာခေါင်းစည်း (Mask)နှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီး (၆)လပြည့်သည့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်