မော်လမြိုင် စက်တင်ဘာ ၁၀
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ မော်လမြိုင်တပ်နယ်၏ ပူးပေါင်းမှုတို့ဖြင့် ဒေသခံပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ယနေ့နံနက် (၈)နာရီခွဲ အချိန်ခန့်က မော်လမြိုင် မြို့နယ်၊ သူနာပြုသင်တန်းကျောင်းရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၇၀/-နှုန်း၊ ဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀/- နှုန်းဖြင့် ဆန်(၁၀၀) အိတ်၊ ဆီ(၁၂၀၀)ပိဿာ အခြေခံစားသောက်ကုန်(၁၄)မျိုးနှင့် ဟင်းသီးဟင်း ရွက်များအား သက်သာသော ဈေးနှုန်းဖြင့် ဆန်ကုန်သည်၊ ဆီကုန်သည်များအသင်းနှင့် မော်လမြိုင်တပ်နယ်မှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့၀င်များက ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်