ဘီးလင်းမြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်၊ အသိပညာပေး (Talk Show) ပြုလုပ်

ဘီးလင်း စက်တင်ဘာ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ကမ္ဘာ့ရှေးဦးပြုစု​ခြင်းနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပ  ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်အေးမျိုးမျိုးစံက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ အတွင်းရေးမှူး ဦးငွေဝင်းက ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဖြစ်ပေါ်လာပုံ၊ ကြက်ခြေနီအသင်းခွဲအနေဖြင့် ရှေးဦးပြုစုခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း၊ တပ်ဖွဲ့မှုး ဒေါ်ဖြူဖြူသင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲ အနေဖြင့် ရှေးဦးပြုစုခြင်း သင်တန်းများ ဖွင့်လှစ်ပေးနိုင်မှု အခြေအနေနှင့် သင်တန်းမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း(ပြန်/ဆက်)