လောက်ကိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

လောက်ကိုင်   စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ  ဒေသခံပြည်သူများအား Coronavirus Disease 2019-(COVID-19) ကြိုတင်ကာကွယ်နိုင်ရေးနှင့် စပ်လျဉ်းပြီး နှာခေါင်းစည်း Mask များစနစ်တကျတပ်ဆင်နိုင်ရေး အတွက် ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ပြည်သူများသွားလာမှုအများဆုံးနေရာတစ်ခုဖြစ်သော အမှတ်(၁)ရပ်ကွက်၊ ကြာပန်းအဝိုင်း လမ်းဆုံတွင် Mask Campaign ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)မှ ဗိုလ်ကြီးမျိုးဇော်ဦး နှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က   ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ လိုက်နာနေထိုင်ဆောင်ရွက်သွားကြရန်တို့ကို အသိပညာပေးတိုက်တွန်း ပြောကြားပြီး Mask တပ်ဆင်သွား လာခြင်းမရှိသော  ပြည်သူများအား Mask များအခမဲ့ ဖြန့်ဝေပေးပြီး Mask နှာခေါင်းစည်း တပ်ဆင် စေခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။ 

ယု