အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် ၊ လွန်ကောင်းကျေးရွာအုပ်စု၊ လွန်ကောင်းကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 10,2022
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ယမန်နေ့နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ မင်္ဂလာသီရိလမ်းရှိ သောကြာဆွမ်းလောင်းဓမ္မာရုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
Sep 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများအား နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဈေးနှုန်းသက်သာစွာ ဆန်ရောင်းချပေးခြင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask  Campaign ပြုလုပ်ခြင်းတို့ကို့ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Sep 10,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပခဲ့ပြီး အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
Sep 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနေ ပြည်သူ များ၊ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်က ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 10,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာပေဝါသနာရှင်များနှင့် ဆုကိုယ်ပိုင်အထက်တန်းသင်ကျောင်းတို့ ပူးပေါင်းပြီး စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ၏ ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် စာအုပ်မှ “မအောင်မြင်လို့မဖြစ်ဘူး” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Sep 10,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုအဖြစ် အစုလိုက် ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှ တပ်ဆင်ပေးသည့် မာ့(စ်)ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါဝါရပ်ကွက်၊ မြို့မဈေးရှေ့ ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Sep 10,2022
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စာပေ ချစ်မြတ်နိုးသူအသင်းBook Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယနေ့ နံနက်၁၁နာရီအချိန်က စာရေးဆရာ ညီညီနိုင်ရေးသားထားသည့် ပညာနှင့်ဘဝ အောင်မြင်ရေး လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။