တနိုင်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး Mobile  Library ကွင်းဆင်းဆောင်ရွက်

တနိုင်း စက်တင်ဘာ ၁၀

တနိုင်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်  စာပေအသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် စာပေဖတ်ရှုမှု စာဖတ်ရှိန်မြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံပညာ မူလတန်းလွန်-ဟူး‌ကောင်းကျောင်းတွင် Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်သည့် အချိန် များတွင် စာပေဖတ်ရှသည့် အလေ့အကျင့်ကောင်းများရရှိစေ၍  စာပေမှရရှိသည့်အသိဖြင့် အမှား/အမှန် ဝေဖန်ပိုင်ခြားတတ်စေပြီး ကျောင်းစာသင်ကြားရာတွင်လည်း များစွာ အထောက်အကူပြုစေမည်ဖြစ်ကာ မိမိဖတ်ရှုသည့် စာပေများမှတဆင့် ပြန်လည်မျှဝေပေးနိုင်ရန် တို့အတွက် ဗဟုသုတဖြစ်ဖွယ်   သုတ/ရသ စာအုပ်(၈၀)အုပ်တို့ကို ငှားရမ်းပေးခဲ့သည်။

Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

 မနောမြေ(တနိုင်း)