သဲကုန်း စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းမတော်လမ်းနှင့် မြိုမဈေးတို့၌ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲခင်မောင်အေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက “ကိုဗစ်-၁၉ အိုမီခရွန် မျိုးကွဲတွေဖြစ်သော BA-4 တို့ BA-5 ကူးစက်မှုများ တွေ့ရှိလာသောကြောင့် ပြည်သူများ ကူးစက်ရောဂါ ပြန့်ပွားမှုကာကွယ်စေရေးအတွက် ဈေးရောင်းချသူများ၊ စျေးသွားစျေးလာများအား နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန် အသိပေးပြောကြားပြီး၊ နှာခေါင်းစည်းအခု (၁၀၀၀)ကို အခမဲ့ ဝေငှပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)