မိုင်းရှူးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းဆောင်ရွက်

မိုင်းရှူး    စက်တင်ဘာ     ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း  Mask  များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈) နာရီ အချိန်က  မြို့လယ်တံတားထိပ်၌  ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွတ်ရာသို့  ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်နှင့် ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိုင်းရှူးမြို့ မြို့လယ်တံတားထိပ်၌ မော်တော်ယာဉ် နှင့် ဆိုင်ကယ်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင်စေခြင်း၊ ဆိုင်ကယ် မောင်းနှင်သူများအား ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ‌ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍မစီးရန်၊ ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask (၅၀၀) ခုအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)