ဟားခါး ဇန်နဝါရီ ၈
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သည့်လုပ်ငန်းများ၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိမှု အခြေအနေနှင့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြနိုင်ရေးအတွက် ယခုကဲ့သို့ အစည်း အဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်သည် ယခင်ဘဏ္ဍာရေးနှစ်များနှင့်မတူကြောင်း၊ လက်ရှိအစိုးရအဖွဲ့အနေဖြင့် ယခုဘဏ္ဍာ ရေးနှစ်အတွင်း ဆောင်ရွက်သည့်လုပ်ငန်းများကို ကြွေးကျန်မရှိဘဲ ပြည်သူရွေးကောက်တင်မြှောက်သည့် အစိုးရအသစ်ကို လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိမှု အခြေအနေနှင့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများက မိမိတို့ဌာနအလိုက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းဖြင့် ဆောင်ရွက် သည့်လုပ်ငန်းများ၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆက်လက် ဆောင်ရွက်ရန်ကျန်ရှိမှုအခြေအနေနှင့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည့် အစီအမံများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက အကြုံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)