ပေါက်ခေါင်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကျင်းပမည့် မဲရုံနေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးသူအောင်နှင့်တပ်ဖွဲ့ဝင်(၆)ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်သန်းစိန်၊ အရန်မီးသတ်မှတပ်ဖွဲ့ဝင်(၃)ဦးတို့က မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြုလုပ်မည့် အခြေခံပညာစာသင်ကျောင်းများတွင် မီးငြိမ်းသတ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုးသွယ်တန်းထားရှိမှုအခြေအနေများစစ်ဆေးခြင်း၊ မဲရုံပတ်ဝန်းကျင် မီးလောင်လွယ်သည့်ပစ္စည်းများနှင့် အမှိုက်သရိုက်များမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)