ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ မေ ၂

ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဦးဆောင်ကော်မတီက ချမှတ်ထားသည့် အမျိုးသားအဆင့်မဟာဗျူဟာနှင့် နည်းဗျူဟာများအတိုင်း လိုက်နာကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ဦးဆောင်ကော်မတီ၏ မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရာတွင် ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဌာနအချင်းချင်း ပူး‌ပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး Choke Point နေရာများတွင် ပူးပေါင်းအဖွဲ့များဖြင့် တားဆီးဖမ်းဆီးနိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြစေလိုပြီး တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကိုလည်း အဂတိတရားကင်းရှင်းစွာဖြင့် တာဝန်ထမ်းဆောင်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်းများကို ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်နိုင်ရေး၊ တားဆီး၊ ဖမ်းဆီးထားသည့် ကုန်ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှုမရှိစေရေး၊ လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ရေး၊ ဖမ်းဆီးရမိလိုင်စင်မဲ့ယာဉ်၊ မော်တော်ဆိုင်ကယ်များကို ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ အပ်နှံနိုင်ရေး၊ ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူသည့်အမှုများကိုလည်း မြန်မြန်ဆန်ဆန်နှင့် အမှုပြီးပြတ်သည်အထိ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားနိုင်ရေး၊ တရားမဝင်ကုန်ပစ္စည်းတားဆီး၊ ဖမ်းဆီးမှုများတွင် အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့် မည်သည့်အဖွဲ့အစည်းကဖမ်းဆီးသည်ဖြစ်စေ အထူးအဖွဲ့၏ စာရင်းဇယား၊ ကိန်းဂဏန်းအချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်စေရေးဆွေနွေးခဲ့ကြပြီး ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ်အထူးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)