တောင်ကြီး မေ ၂၉
ပြည်သူများ၏ အလုပ်ကိုင်အခွင့်လမ်းများ ပိုမိုများပြားလာစေရန်နှင့် ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၂၈ ရက် မနက်ပိုင်းက အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၊ သံလွင်ခန်းမ၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချူပ်အောင်ကျော်ဆန်းနှင့်ဇနီး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်စိန်မြင့်နှင့်ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဆွေ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ၊အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်ထူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးတို့က သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။ ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကြပြီး သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ အဆင့်မြင့်စက်ချုပ် သင်တန်းကို (၂၈.၅.၂၀၂၆) ရက်နေ့မှ (၁၁.၇.၂၀၂၆) ရက်အနေ့ထိ နည်းပြဆရာမ (၂) ဦးက သင်တန်းသူ (၂၀) ဦးအား (၄၅) ရက်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြည်သူများ၏ အလုပ်ကိုင်အခွင့်လမ်းများ ပိုမိုများပြားလာစေရန်နှင့် ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်း၊ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေလ ၂၈ ရက်မွန်းလွဲပိုင်းက တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာ၊ ရတနာစိန်ကျောင်းတိုက်၌ ကျင်းပရာ ရတနာစိန်ကျောင်းတိုက်ကျောင်းထိုင်ဆရာတော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကျင်း(ခ) နန်းစိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောလွင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ် ဦးစီးမှူးဦးစိုးနိုင်ထူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို (၂၈.၅.၂၀၂၆) ရက်နေ့မှ (၁၁.၇.၂၀၂၆)ရက်နေ့အထိ နည်းပြဆရာ(၂)ဦးက သင်တန်းသား (၂၁)ဦးအား (၄၅)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသန့် (ပြန်/ဆက်)