အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နှင့် အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ယနေ့နံနက် ၈ နာရီအချိန်က အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း Mask စနစ်တကျ တပ်ဆင်ရေးသွားလာရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 19,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းသီးနှံဧက ၄၃၄၃ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်းနှင့် အချို့ကျေးရွာများတွင် မိုးဦးမိုးဖြင့် ဆောလျင်စွာ စိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး စတင်သိမ်းဆည်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Sep 19,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးနေကြောင်း သိရသည်။
Sep 19,2022
စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/ ၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၁၉)ရက်၊ နံနက်(၈)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2022
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး (လားရှိုး)မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး အောင်မြင့်နိုင် နှင့်ဦးစီးတပ်ဖွဲ့ဝင်များ၊
Sep 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့ နံနက် ၉ နာရီခွဲက  ကျိုင်းတုံမြို့ နာရီစင်ရှေ့တွင် ရောင်းချ ပေးကြောင်း
Sep 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ပေါ့မိုင်းရပ်ကွက် အခြေခံပညာမူလတန်း‌ကျောင်းသို့ ကွင်းဆင်းသွားရောက်၍ ပလတ်စတစ်လျော့ချသုံးစွဲရေး၊ သက်ငယ်မုဒိမ်းမှုကြိုတင်ကာကွယ်ရေးနှင့် နံရံကပ်စာစောင် ချိတ်ဆွဲပြသခြင်းများကို