မိုးနဲမြို့နယ်၌  ပလတ်စတစ်‌လျော့ချသုံးစွဲရေး၊ သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲဆောင်ရွက်

မိုးနဲ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ပေါ့မိုင်းရပ်ကွက် အခြေခံပညာမူလတန်း‌ကျောင်းသို့ ကွင်းဆင်းသွားရောက်၍ ပလတ်စတစ်လျော့ချသုံးစွဲရေး၊ သက်ငယ်မုဒိမ်းမှုကြိုတင်ကာကွယ်ရေးနှင့် နံရံကပ်စာစောင် ချိတ်ဆွဲပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပလတ်စတစ်သုံးစွဲမှု‌ လျော့ချနိုင်ရေးနှင့်စပ်လျဉ်း၍ ပလတ်စတစ်ညစ်ညမ်းမှု၊ ပလတ်စတစ်ညစ်ညမ်းမှု ဆိုးကျိုးများ၊ ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများနှင့် သက်ငယ်မုဒိမ်းမှုများ ကြိုတင်ကာကွယ်ရေး၊ အကြမ်းဖက်မှု ပပျောက်ရေး ဆောင်ရန်ရှောင်ရန်အချက်များ၊ ကလေးသူငယ် အခွင့်ရေးများဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို လည်းကောင်း ရှင်းလင်း‌ဟောပြောခဲ့ပြီး စာဖတ်ဝိုင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ချိတ်ဆွဲပြသထားသော ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး နံရံကပ် စာစောင်ကို ကျောင်းသား/ကျောင်းသူလေးများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)