လားရှိုးမြို့တွင်(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက်

လားရှိုး စက်တင်ဘာလ ၁၉

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး (လားရှိုး)မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး အောင်မြင့်နိုင် နှင့်ဦးစီးတပ်ဖွဲ့ဝင်များ၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသိန်း၊ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၇)မှုခင်းရဲတပ်ဖွဲ့စု၊ ဒုတပ်ဖွဲ့ခွဲ (လားရှိုး)သတင်းရဲတပ်ဖွဲ့၊ အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စု၊ အမှတ်(၁၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်း ရေးရဲတပ်ဖွဲ့စု၊ လေကြောင်း ရဲတပ်ဖွဲ့စု၊ အမှတ်(၂၀)ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ၊အမှတ်(၅)ရထားရဲတပ်ဖွဲ့ခွဲ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၇၀)ဦးခန့်ဖြင့် လားရှိုးပြည် သူ့ဆေးရုံကြီးအတွင်းရှိ ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ မူးယစ်ဆေးစွဲရောဂါကုသရေးနှင့် စိတ်ကျန်းမာရေးဌာနနှင့် ဆေးရုံဝင်းအတွင်း ပေါက်ရောက် နေသော  ချုံနွယ်များ ပေါင်းမြက်များကို ရှင်းလင်းဖယ်ရှားကာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)