ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများအား စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်း ချပေး

ကျိုင်းတုံ စက်တင်ဘာ  ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့ နံနက် ၉ နာရီခွဲက  ကျိုင်းတုံမြို့ နာရီစင်ရှေ့တွင် ရောင်းချ ပေးကြောင်း သိရသည်။

ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက တန်ဖိုးသင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဗူများ၊ ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ စားသောက်ကုန်ပစ္စည်းများ၊ တပ်မတော်သားများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသော ဆန်၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များ စသည့် စားသောက်ကုန်အမျိုးမျိုးကို ပြင်ပပေါက်ဈေး ထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)