Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ Basic Legal English Course သင်တန်းဖွင့်လှစ်
Sep 20,2022
ဥပဒေအရာရှိများ ဥပဒေရေးရာနှင့်ဥပဒေဘာသာပြန်ကိစ္စများတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုဖြင့် အထောက်အကူဖြစ်စေရန်၊ အင်္ဂလိပ်စာကို အခြေခံမှစ၍ သီးသန့်သင်ကြားခြင်းမဟုတ်ဘဲ ဥပဒေရေးရာ အင်္ဂလိပ်စာအရည်အသွေးများ တိုးမြှင့်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေရန်၊ လေ့လာသင်ကြားလိုစိတ် ဖြစ်ပေါ်နေခြင်းဖြင့် တစ်ဦးချင်းစီ၏ အရည်အသွေးမပြတ် တိုးတက်ကြစေရန်နှင့် နိုင်ငံ့ဝန်ထမ်းများပီပီ တရားဥပဒေစိုးမိုးရေးပိုင်းတွင် ပိုမိုလေ့လာသိရှိသော အရည်အသွေးကောင်းများဖြင့် ပြည်သူကို အကျိုးပြုနိုင်ကြစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ Basic Legal English Course သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့ အထက(၂)တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Sep 20,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းစိန်ရတုခန်းမတွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး
Sep 20,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၃၉)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၏ အိမ်ထောင်စုလူဦးရေစာရင်းများ Main Server သို့ထည့်သွင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်…
Sep 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၏ အိမ်ထောင်စုလူဦးရေစာရင်းများ Main Serverသို့ ထည့်သွင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ် ချီးမြှင့်ပွဲ ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာ၁၈ရက်နေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်း ဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဖိတ်ကြားထားသော ဌာနဆိုင်ရာအသီးသီးတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် Booster Dose ထပ်ဆောင်းထိုးနှံသူ…
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဖြစ်ပွား/သေဆုံးမှုနှုန်း လျော့ချနိုင်စေရန်နှင့် "ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့" ဆောင်ပုဒ်နဲ့အညီ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် တတိယအကြိမ် Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေး
Sep 20,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းကော်မတီအကြောင်း ရှင်းလင်းဆွေးနွေး
Sep 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှု ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းဆွေးနေ့းပွဲကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က အလယ်တန်းဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15907
Page
15908
Page
15909
Page
15910
Current page
15911
Page
15912
Page
15913
Page
15914
Page
15915
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department