အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများလုပ်ငန်းခွင်အတွင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခမ်းအနားမှူး သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား
Sep 21,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့နံနက် ၈ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 21,2022
မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရာကြီးနှင့် မန်းစက်တော်ရာဘုရားကြီးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့်
Sep 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ် အောက် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစမ်းလေ့ကျင့်ခြင်း (Rehearsal) ကို ယမန်နေ့ ညနေ ၃ နာရီ က အထက(နမ့်စန်) ဘောလုံးကွင်းအတွင်း တွင် ဆောင်ရွက်ခဲ့သည်။