အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူအသိပညာ ပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၁) နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနှင့်ပူးပေါင်း၍ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကိုလူထုခြပြုဗဟိုဌာန Community Centre ခန်းမအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရန်ကင်းအခြေခံပညာမူလတန်းကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
Sep 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမူရေးပင်စင်များထောက်ပံ့ပေးအပ်လျက်ရှိရာ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပင်စုံကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၇)ဦးတို့အား လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 22,2022
ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြည်သူများနေအိမ်မှပြင်ပသို့ထွက်ခွာသည့်အခါ တိုင်းပါးစပ်နှင့်နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်ကြရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး လူစည်ကားရာစျေးတန်းရပ်ကွက် စည်ပင်သာယာမြို့မစျေးရှေ့၌ ယနေ့နံနက် ၆ နာရီခွဲကစ၍ နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaing အရှိန်အဟုန်မြှင့်တင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ၂၀၂၂ ခုနှစ် ပင်လုံမြို့ မိုးရာသီဖလားရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးဦးရာဇာအောင်၊ ပင်လုံနယ်မြေရဲစခန်းမှူးဦးတင်မိုးလှိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူနှင့် နည်းပြများတက်ရောက်ခဲ့ကြသည်။
Sep 22,2022
မွန်ပြည်နယ်အ​နေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  မွန်ပြည်နယ် ​ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီ အစည်းအ​ဝေး အမှတ်စဉ် (၅/ ၂၀၂၂) အစည်းအ​ဝေးကို ယမန်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ တက်​ရောက်ခဲ့သည်။
Sep 22,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
Sep 22,2022
နေပြည်တော်ကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်း အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။