အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2022
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 22,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မှုသော မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က   အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ မြို့လယ်ချောင်းတောင်သူပညာပေးစခန်းတွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
Sep 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းခြင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း၌ကျင်းပသည်။
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 22,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။