အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)တွင် ကောင်းမှုကုသိုလ်အတွက် ဆင်ရုပ်၊ မြင်းရုပ်၊ ငှက်ရုပ်များပြုလုပ်၍ ရိုးရာ ဓလေ့နှင့်အညီ ပူဇော်လှူဒါန်းရန် ကြိုတင်ပြင်ဆင်နေကြောင်း သိရသည်။
Sep 25,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်း(၉:၀၀)နာရီကရပ်ကွက်ကြီး(၆)ရှိ စုပေါင်းရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ  တာဝန်ရှိသူများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်   ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ 
Sep 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ပင်လုံမြို့ အားကစားကွင်း၌ စက်တင်ဘာလ ၂၄ ရက် ၊ မွန်းလွဲ(၂)နာရီက ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် တက်ရောက်ပြီး အမှာစကားပြောကြားကာ ဘောလုံပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
Sep 25,2022
နေပြည်တော်ကောင်စီ၏စီစဉ်လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှလှူဒါန်းသည့် ဆန်၊ ဆီများအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ ကျွန်းတောဓမ္မာရုံ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တောင်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း အခြေခံလူတန်းစားအိမ်ထောင်စုများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 25,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
Sep 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင် မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာ‌ရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် အသက်(၈၅)နှစ် အထက်အဘိုး/ဘွားများအားအိမ်တိုင်ရာရောက် ထောက်ပံ‌ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကွတ်ခိုင်မြို့ရပ်ကွက်(၁)၊ ရပ်ကွက်(၄)တို့တွင်ပေးအပ် ခဲ့ကြောင်းသိရသည်။
Sep 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့ တောင်တန်းဒေသသာသနာပြုကျောင်းတိုက်တွင် သီတင်သုံးတော်မူကြသည့် သံဃာတော်နှင်သီလရှင်များအား ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လမ်းသွားရာတွင် ပိုမိုလွယ်ကူချောမွေ့စွာသွားလာနိုင်ရန်၊ လမ်းအသုံးပြုရာတွင် စိတ်အေးချမ်းသာမှုရရှိစေရန်နှင့်