ပြင်ဦးလွင် စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်း(၉:၀၀)နာရီကရပ်ကွက်ကြီး(၆)ရှိ စုပေါင်းရုံးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခင်မာအေးမှ ထောက်ပံ့ငွေများပေးအပ်ပွဲ ကျင်းပရခြင်းအားအသေးစိတ်ရှင်းလင်းပြောကြားခဲ့သည် ။
ဆက်လက်ပြီး တာဝန်ရှိသူများမှ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက်(၂၃၃)ဦး၊ အသက်(၅)နှစ်အောက်ကလေး(၂၆၃)ဦး၊ ကိုယ်ဝန်ဆောင်(၃၁)ဦးနှင့် မသန်စွမ်း(၂၈) ဦး၊ စုစုပေါင်း(၅၅၅ )ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် ငွေကျပ် ၁၆,၆၅၀,၀၀၀/-တို့အား ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည် ။
ခရိုင် ( ပြန်/ဆက် )