မိုင်းယောင်း၌ သီတင်းကျွတ်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်

မိုင်းယောင်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်မိုင်းယောင်းမြို့နယ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)တွင် ကောင်းမှုကုသိုလ်အတွက် ဆင်ရုပ်၊ မြင်းရုပ်၊ ငှက်ရုပ်များပြုလုပ်၍ ရိုးရာ ဓလေ့နှင့်အညီ ပူဇော်လှူဒါန်းရန် ကြိုတင်ပြင်ဆင်နေကြောင်း သိရသည်။

မိုင်းယောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သီတင်းကျွတ်ပွဲတော်ကို တစ်နှစ်လျှင်တစ်ရွာ ကျေးရွာဘုန်းကြီးကျောင်း၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာနေ့)တွင် ဘဝသံသရာအတွက် ကောင်းမှုကုသိုလ်အဖြစ် ရည်စူး၍ ဆင်ရုပ်၊ မြင်းရုပ် ငှက်ရုပ်နှင့် အခြားအရုပ်များကို မိမိတို့စိတ်ကြိုက် ပုံဖော်ဖန်တီးပြီး ယင်းအရုပ်များပေါ်တွင် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆင်ယင် လှူဒါန်းခြင်း၊ ရွှေဘိုးငွေအိုးများ လှူဒါန်းခြင်းတို့အပြင် စက်ဘီး၊ ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ သုံးဘီးဆိုင်ကယ်၊ ပန်ကာ၊ အဝတ်လျှော်စက်၊ အပ်ချုပ်စက်၊ လက်ကိုင်ဖုန်းနှင့် အခြား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် သီတင်းကျွတ်ပွဲတော်တွင် စုပေါင်းလှူဒါန်းသည့် ဓလေ့အစဉ်အလာကို ယနေ့အထိ ဂုဏ်ယူမြတ်နိုး တန်ဖိုးထားဆင်နွှဲလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း