အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ကခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာ​ရေးဌာနတို့ပူး​ပေါင်းကာ၊ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်းခန်းမတွင်၊  ယမန်​နေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Sep 30,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းများဖြင့် ယနေ့နံနက်က ကျီတော်ကုန်းရပ်ကွက်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကွတ်ခိုင်မူလတန်းကြို ကျောင်း၏ ၂၀၂၂-၂၀၂၃ခုနှစ် မိဘဆရာအသင်း နှစ်ပတ်လည်အခမ်းအနားနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 30,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။
Sep 30,2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်စားသုံးသူရေးရာ ဦးစီး ဌာနမှတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ခံများ၏ ကြီးကြပ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ပြည်သူများ၊ ပညာရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (တတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာန၊ ဌာနပိုင်မြို့မဈေးကြီးတွင် မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံးခြုံရေးကို ကြိုတင် ကာကွယ်နိုင်ရေးအတွက် (2") GI ရေပိုက်လိုင်း ပေ (၁၇၀) သွယ်တန်းခြင်း၊ မီးသတ်ရေငုတ်များ တပ်ဆင်ခြင်းနှင့် မီးသတ်ဆေးဗူးများထားရှိမှုကို ယမန်နေ့ ညနေပိုင်းအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။