အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြ ကျေးရွာတွင် ​ကျေးရွာ​နေပြည်သူများ သွားလာရေး အဆင်ပြေစေရန် ကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် (Maung Lay Group Co.,ltd) မှ ဆောင်ရွက်သော ရာသီမရွေးကုန်ထုတ်သယ်ယူနိုင်သော ကျေးလက်ကုန်ထုတ်လမ်း (မြေသား- ဂဝံ) လုပ်ငန်းတို့အား မှော်ဘီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်​နေ့နံနက်ပိုင်းက အဆိုပါ​ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။
Sep 30,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ယူရီးယားဓာတ်မြေသြဇာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် (၀၉:၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 30,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် (ထိုင်း+မြန်မာ)နယ်စပ်မြို့ မောတောင်မြို့အဝင် မောတောင်မြို့မှလှိုက်လှဲစွာကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး တစ်ဘက်တစ်ချက်စီတွင်  မြို့သာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ဒေသထွက် အဓိကသီးနှံနှစ်မျိုးဖြစ်သည့် ငှက်ပျောသီးနှင့် သင်္ဘောသီး ရုပ်လုံးပုံသဏ္ဍာန်များကို မောတောင်မြို့အမှတ်တရ သင်္ကေတအမှတ်အသားအဖြစ် ယမန်နေ့နေ့လယ်ပိုင်းက စတင်ထားရှိကြောင်း မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံက သိရသည်။
Sep 30,2022
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီ ပွဲတော်များအနက် ၁၃၈၄-ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။
Sep 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကာလိနယ်မြေမီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲ အချိန်ခန့်က ကာလိနယ်မြေ မီးသတ်စခန်းတွင် ဆောင်ရွက်ခဲ့သည်။
Sep 30,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက် အားကစားဇုံရှိ ဖူဆယ်အားကစားကွင်း၌ ၂၀၂၂ခုနှစ် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်‌ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 30,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များ ရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က နတ်တလင်းမြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးဆီများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသုံးဆီ (၃၀၀)ပိဿာအား မိသားစုတစ်စုလျှင် (၁)ပိဿာ ၅၄၀၀ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက သက်သာသောစျေးနှုန်းဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။