Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းလှမြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်
Sep 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့အဝင်နေရာဖြစ်သည့် လူစည်ကားရာ သရက်တပင်တာဆုံ၌ ယနေ့နံနက် ၁၀ အချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ ကျုံကဒွန်းကျေးရွာတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုအခြေခံ စက်ချုပ်သင်တန်းဆင်း
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ မြို့နယ် အတွင်းရှိ ပြည်သူများ အသက်မွေးဝမ်းကျောင်း ပညာများဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော ကျုံကဒွန်းကျေးရွာတွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ (၅/၂၀၂၂)ရပ်ရွာ အခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါကျေးရွာ မူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး
Sep 30,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဇွန်လကုန်ပိုင်းကစပြီး မိုးစပါးသီးနှံများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယခုလ တတိယပတ်တွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်
Sep 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကဦးဆောင်၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ကို မိုင်းယောင်းမြို့နယ် နမ့်မိန်တံတားလမ်းဆုံ၌ ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ပြီး နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်များ၌ လိုက်လံအသိပညာပေး နှိုးဆော်မှုများ ပူးပေါင်းဆောင်ရွက်
Sep 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌောနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး နှိုးဆော်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုအတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူ(၁၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈) နှစ်နှင့် အထက် ရဟန်း၊ သံဃာ၊ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရေနံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့၌ အားကစားသရုပ်ပြပွဲနှင့်အသက်၁၈နှစ်အောက်(ပြေး ခုန်ပစ်)ပြိုင်ပွဲလူရွေးပွဲကျင်းပ
Sep 30,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့ မြို့တွင်ကျောင်းသားလူငယ်များ ကိုယ်ကာယ ကြံ့ခိုင်လာစေရန်နှင့် အားကစားစိတ်ဓာတ်များ တိုးပွားလာစေရန်၊ ဘက်စုံတော်သော ကျောင်းသားကျောင်း သူများဖြစ်လာစေရန် ရည်ရွယ်၍ အားကစားသရုပ်ပြပွဲနှင့်အသက် ၁၈နှစ်အောက် (ပြေးခုန်ပစ်)ပြိုင်ပွဲလူရွေးပွဲကိုနမ်ခမ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ထရန်ဒမ်းအခြေခံ ပညာအထက်တန်း ကျောင်းတို့၌ စက်တင်ဘာလ ၂၉ ရက်နံနက် ၁၀ နာရီမှညနေ၃နာရီထိ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့တွင် ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
Sep 30,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း ၅/၂၀၂၂ ကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ ဝိသုဒ္ဓါရုံ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15732
Page
15733
Page
15734
Page
15735
Current page
15736
Page
15737
Page
15738
Page
15739
Page
15740
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department