သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သရက် စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ် က၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ မြေပြင်အမှန် ဆောင်ရွက်နိုင်မှုအခြေအနေများကို စာရင်းပြုစုထားကြရန်၊ ရုံးလုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်ကြရန်နှင့်လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုအစီအစဉ်များ ရေးဆွဲတင်ပြမည့် အစီအစဉ်များဆွေးနွေးခဲ့ပြီး ခရိုင်ဆရာဝန်ကြီးက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေမှုအခြေအနေနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကို တင်ပြကာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးကျော်မြင့်က ပန်းခင်းစီမံချက်(၂) ဆောင်ရွက်ထားရှိမှု၊ မြေပြင်လူဦးရေစာရင်းဆောင်ရွက် ထားရှိမှုတို့ကို တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ မိမိတို့၏ ဌာနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောကြားပေးခဲ့ကြောင်းသိရသည်။       

ဇော်ထက် (သရက်)