မတ္တရာ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင် မတ္တရာမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေများ နှင့် မဲပေးစက်များခင်းကျင်းပြင်ဆင်ထား ရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေး စက်များခင်းကျင်းပြင်ဆင်ထားများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ထီးတော်မိုးကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ ဆုံ၍ ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုကာလသည့် အရေးကြီးကာဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအားလုံး အဆင်ပြေချောမွေ့စွာ ဆန္ဒပေးနိုင်ရေးသည် အရေးကြီးပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်