ဘီးလင်း ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား မဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲများကောက်ယူရာတွင် မြို့နယ်ကော်မရှင်အဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့များ၊ မဲရုံအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၃) အုပ်စုတို့ရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများတို့၏ နေအိမ်များသို့သွားရောက်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး အတွက် တစ်အိမ်တက်ဆင်း သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
ဘီးလင်းမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)၌ ရပ်ကွက်(၅)ရပ်ကွက်/ ကျေးရွာအုပ်စု (၂၃)အုပ်စုတွင် မဲရုံစုစုပေါင်း (၄၇)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ(၉၆၀၃၆)ဦး ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)