အမြို့မြို့အနယ်နယ်သတင်းများ

May 22,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS)စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို မေလ ၂၀ ရက်နေ့ နံနက်(၁ဝ)နာရီက ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဈေးကွက်အတွင်း ရောင်းချနေသော ဆေးလိပ်၊ ဆေးရွက်ကြီး ပစ္စည်းများနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးရောင်းချမှု ရှိ/မရှိ အား ယနေ့နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 22,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စာပြန်ဖြေပွဲတော်ကြီးအား ယနေ့နံနက် ၇ နာရီက မြို့နယ်ဓမ္မာရုံ၌ စတင်ကျင်းပခဲ့သည်။
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌  ဂျပန်ဦး‌နှောက်ရောင်ရောဂါ(Japanese Encephalitis) ကာကွယ်ဆေးထိုးနှံပေးခြင်းကို  မေလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီမှစတင်ကာ ရပ်ကွက်များအတွင်း ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။