ပူတာအို ဇန်နဝါရီ ၁၀
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ(၁၀)ရက် နံနက်ပိုင်းက ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မချမ်းဘောမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူ များ အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံများခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကွင်းဆင်းစစ်ဆေး သည်။
ဦးစွာ ဒုတိယတိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မချမ်းဘောမြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ထား သည့် အလက(မြို့မ)ကျောင်း၌ ရပ်ကွက်(၁/၂) မဲရုံအမှတ်(၆/၈)ဖွင့်လှစ်ထားရှိမှု၊ ရပ်ကွက်(၁) တပ်မဲရုံအမှတ် (၇)ဖွင့်လှစ်ထားရှိမှု၊ အထက(မချမ်းဘော)ကျောင်း၌ ရပ်ကွက်(၃) မဲရုံအမှတ်(၉)ဖွင့်လှစ်ထားရှိမှု၊ အမက-၂(မချမ်းဘော)ကျောင်း၌ ရပ်ကွက်(၄) မဲရုံအမှတ်(၁၀)ဖွင့်လှစ်ထားရှိမှုနှင့်မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယတိုင်းမှူးက မဲရုံမှူးနှင့်အဖွဲ့ဝင်များအားတွေ့ဆုံကာ မဲရုံအတွင်း စနစ်ကျေဖြစ်စေ ရေး၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် လိုအပ်သည်များကြိုတင် စီမံဆောင်ရွက်ထားရှိရေးနှင့် ၂၀၂၆-ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၂) မချမ်းဘောမြို့ နယ်အတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကိုမှာကြားသည်။
ဆက်လက်၍ ဒုတိယတိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အမက(အင်ဘူးဘော့)ကျောင်း၌ အင်ဘူးဘော့ ကျေးရွာအုပ်စု မဲရုံအမှတ်(၁၁)၊ အထက(နမ်ခမ်)ကျောင်း၌ နမ်ခမ်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ အထက(ထရန်ဒမ်း)ကျောင်း၌ ထရန်ဒမ်းကျေးရွာအုပ်စု မဲရုံအမှတ်(၂)၊ အမက-လွန်(ငွါးဇာခါး)ကျောင်း၌ ကောင်းမှုလုံကျေးရွာအုပ်စု မဲရုံအမှတ်(၃)၊ အမက(မန်နို)ကျောင်း၌ မန်နိုကျေးရွာအုပ်စု မဲရုံအမှတ်(၄) မဲရုံများ တွင် လွတ်တော်အလိုက် ခင်းကျင်းထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယတိုင်းမှူးနှင့်အဖွဲ့ဝင်များက မဲရုံများအတွင်း လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးသည်။
မချမ်းဘောမြို့နယ် ရွေးကောက်ပွဲအပိုင်း(၂)တွင် ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာအုပ်စု(၉)အုပ်စု၊ မဲရုံပေါင်း(၁၄)ရုံတွင် တတိယအကြိမ် အတည်ပြုပြီး မဲဆန္ဒရှင်ပြည်သူစုစုပေါင်း(၆၄၄၇)ဦးတို့က ၂၀၂၆-ခုနှစ် ဇန်နဝါရီ(၁၁)ရက် နံနက်(၆)နာရီမှညနေ(၄)နာရီအထိ မဲပေးကြမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်