တောင်ကုတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တောင်ကုတ် အောက်တိုဘာ ၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် နှာခေါင်းစည်း တပ်ဆင်သွားလာရေး လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းများကို ယမန်‌နေ့နံနက်(၇)နာရီ အချိန်တွင် သံတွဲလမ်းဆုံနှင့် အမ်းလမ်းဆုံတို့တွင် စုရပ်(၂)ခုထားကာ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နှာခေါင်းစည်းတပ်ဆင်သွားလာရေး လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက နှာခေါင်းစည်း (၅၀၀၀)ခုတို့ကို ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာခြင်း၊ ဒေသခံပြည်သူများမှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေနိုင်ရေး သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်