ရေစကြိုမြို့နယ်တွင် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေ

ရေစကြို အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ် (၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လွတ်လပ်ရေးပန်းခြံဝန်းအတွင်း၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိရာ အခြေခံစားသောက်ကုန်များ လာရောက်ဝယ်ယူသူ ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Maskများ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးကြသည်။

အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးသိန်းဝင်း ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဝင်များ ပူးပေါင်းပြီး  ကိုဗစ်-၁၉ရောဂါးပိုး တွေ့ရှိနှုန်းမြင့်မားလျက်ရှိကြောင်း၊  အများပြည်သူများ  အနေဖြင့် Mask တပ်ဆင်မှု အားနည်းနေကြောင်းတွေ့ရှိရ၍ အများပြည်သူများ ဝင်ထွက်/ သွားလာမှု များပြားသောနေရာများတွင် သက်ဆိုင်ရာဌာနများပူးပေါင်းပြီး အများပြည်သူများကူးစက်မှု လျော့ကျစေရေး ရည်ရွယ်ချက်ဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို (အခမဲ့) ဖြန့်ဝေပေးကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)