ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) နယ်မြေခံတပ်ရင်းခန်းမတွင် ပြည်သူ့စစ်ဌာနေ အဖွဲ့များအား ရိက္ခာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

ကလေး အောက်တိုဘာလ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၊ အောင်ဆန်းခန်းမတွင်  ကလေးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦး နှင့်တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့အလိုက် ကိုယ်စားလှယ်များအား ရိက္ခာနှင့်ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တစ်ဦးချင်း အခက်အခဲများနှင့် နယ်မြေဒေသအခြေအနေများအား ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အခမ်းအနားသို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ကလေး)မှ ဒေသကွက်ကဲရေးမှူး ဗိုလ်မှူးချုပ်နှင့် ကလေး/ ကျီကုန်း တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)