မဟာအောင်မြေမြို့နယ်၊ကံလှဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

မဟာအောင်မြေ အောက်တိုဘာ ၇

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ကံလှဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်းက Mask Campaign ပြုလုပ်ခဲ့သည်။

အ‌ဆိုပါ Mask Campaignတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး မှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၄၀)ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဆွေလွင်အောင်၊ ဒု-မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ခင်မောင်လတ်၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ချောချောနိုင်၊ မြို့နယ် လဝက ဦးစီးမှူး ဦးမောင်မောင်ကြိုင်၊ မြို့နယ်စည်ပင် ဒုအုပ်ချုပ်‌ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးသန့်ဇင်ဦး၊ မဟာအောင်မြေ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးညွန့်ဝင်းအောင်၊ မဟာမြိုင်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်နှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း  အင်အား(၇၀) ဦးခန့်တို့ပူးပေါင်း၍ ကံလှဈေးရှေ့၌ ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူ များနှင့် ခရီးသွားပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်း မရှိစေဘဲ နေအိမ်ပြင်ပသို့ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်အသုံးပြုနိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်းထိုးနှံခြင်းနှင့် ဗီဇပြောင်းကိုဗစ်ရောဂါပိုးများ၏ အန္တရာယ်မှကာကွယ်ရန်၊ ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည် တို့ပါ အသိပညာပေးလက်ကမ်းစာစောင်(၂၀၀)ရွက်၊ နှာခေါင်းစည်း(Mask) (၁၅၀၀) ခုအား (အခမဲ့)ဝေငှ တပ်ဆင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း