လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အဘိဓမ္မာအခါတော်နေ့ အကြောင်းသိကောင်းစရာ Talk Show  ပြုလုပ်ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)   အောက်တိုဘာ    ၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ပူးပေါင်း၍ အဘိဓမ္မာအခါတော်နေ့အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး)ဦးမြင့်ဇော်က အများပြည်သူအသိပညာဗဟုသုတရရှိရန်ရည်ရွယ်၍ Talk Show   ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာအယ်ဒီတာဦးသူရဇော်က သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူများသည် အဘိဓမ္မာအခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသလို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ အဘိဓမ္မာတရားတော်ကိုဟောကြားပြီး လူ့ပြည်သို့ပြန်လည်ဆင်းသက်ကြွချီတော်မူရာမင်းနှင့်တကွ လူပရိသတ်အပေါင်းတို့က ဆီမီးနံသာများဖြင့်ထွန်းညှိပူဇော်ကြပြီး သီတင်းကျွတ်လ၌ မိဘ၊ ဆရာသမားများအား ပူဇော်ကန်တော့ကြခြင်းသည် မြန်မာ့ရိုးရာအစဉ်အလာဓလေ့တစ်ခုဖြစ်ကြောင်းစသည့် သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာများအား အပြန်အလှန်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

မြင့်ဇော်ပြန်/ဆက်)