ရေဖြူမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

ရေဖြူ အောက်တိုဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က-ရေဖြူ ကျောင်းခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပကြောင်းခဲ့သိရသည်။

အခမ်းအနား၌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် ကမ္ဘာ့ဆရာများနေ့သဝဏ်လွှာအား ရေဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က ဖတ်ကြားပြီး ယူနက်စကိုညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ပူးတွဲ ညွှန်ကြားချက်အား မြို့နယ်ပညာရေးမှူးဦးမောင်ညိုက ဖတ်ကြားသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြောင်းသိရသည်။

ခတ္တာ