နွားထိုးကြီး အောက်တိုဘာ ၇
မြင်းခြံခရိုင် နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်သူရိန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အကျင့် စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင့်လွင်ဦး၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုးညွန့်နှင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒေါ်အေးငွေတို့က အထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်