ပြည်မြို့နယ်တွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာရေးနှင့် ဆိုင်ကယ်မောင်းနှင်စီးနှင်းသူများ ဆိုင်ကယ်ဦးထုပ် စနစ်တကျတပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်

ပြည် အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက(တာဂွ)လမ်းဆုံအမှတ်(၃)ရဲစခန်းရှေ့၌ နှာခေါင်းစည်း Mask များနှင့် ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျတပ်ဆင် မောင်းနှင်ကြရန်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က အသိပညာပေးကာလအဖြစ်  ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)  စနစ်တကျတပ်ဆင်ကြရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်ဦးထုပ် စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း(Mask) မပါရှိသူများအား တစ်ဦး(Mask)၅ခုကို တစ်ထောင်ကျပ်နှုန်းဖြင့် ဝယ်ယူစေပြီး ဆိုင်ကယ်ဦးထုပ်မပါရှိသူများအား အသိပညာပေးကာလအဖြစ် ငွေကျပ်တစ်သောင်း ဒဏ်ရိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို နေ့စဉ်နံနက် ၉ နာရီမှ နေလယ် ၁၂ နာရီထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ ၁ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုစိုး(ပြည်)