ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း​ စျေး​ရောင်းပွဲ​တော် ကျင်းပမည်

ဒဂုံ အောက်တိုဘာ ၈

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝန်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးကာ စျေးရောင်းပွဲတော်အား (၈-၁၀ -၂၀၂၂)ရက်နေ့မှ (၁၀-၁၀ - ၂၀၂၂)ရက်နေ့ အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်​ပြီး နေ့စဉ်နံနက် (၀၇:၀၀)နာရီမှည​နေ (၁၇:၀၀) နာရီအထိ ဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ​​ စျေး​ရောင်းပွဲ​တော်တွင်  ၁၀'×၁၀' ဆိုင်ခန်း ၁၇၀ အတွက် လေးထောင့် စျေးရောင်းထီးများအား အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ နေရာချထားဆောင်ရွက်လျက် ရှိပြီး ယ​နေ့ည​နေ ၁၆:၁၅ နာရီအချိန်က ဒုတိယမြို့​တော်ဝန်နှင့် ဌာနမှူး (ယာ/အုံ)တို့​ရောက်ရှိ စစ်​ဆေးခဲ့ကြ၍ ဆိုင်ခန်း(၄၇)ခန်းနေရာချထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်