နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နတ်မောက် အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနေဇော်ဟိန်းက  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးဒေါ်သွယ်သွယ်အေးက တိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမား ဆိုင်ရာဆပ်ကော်မတီ           (၈)ခုဖွဲ့စည်းမှု၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ (၂၀၁၉) အရ ကလေးအလုပ်သမားဆိုင်ရာ အဓိပ္ပါယ်သတ်မှတ်ချက်များပြစ်မှု၊ ပြစ်ဒဏ်များသက်မွေးသင်တန်းဖွင့်လှစ်မှု၊ အသိပညာပေးမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ ၊ ဆိုင်ပိုင်ရှင်များနှင့် ကလေးမိဘနှင့် ကလေးများက ပြန်လည် တင်ပြဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဆိုင်ပိုင်ရှင်များ၊ ကလေးမိဘနှင့်ကလေးများ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဥမ္မာခင်