ဒိုက်ဦးမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်များ ကားလမ်းပေါ်သို့ လဲကျ

ဒိုက်ဦး အောက်တိုဘာ ၈

၂၀၂၂ခုနှစ်၊ အောက်တိုဘာ၊ ၇ရက်‌နေ့ည (၇:၅၀)အချိန်ခန့်က ဒိုက်ဦးမြို့နှင့် (၇)မိုင်ခန့်အကွာ ရှမ်းစုကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၈၆/ ၈၇ကြားတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၃)ပေ ပတ်လည်၊ အရှည်(၂၅)ပေရှိ ကုက္ကိုလ်ပင်(၄)ပင်နှင့် လုံးပတ် (၂)ပေ ပတ်လည်အရှည်(၃၀)ပေရှိ ညောင်ပင်(၁)ပင်တို့သည် သစ်ကိုင်းများကျိုးကျ၍ ရန်ကုန်-မန္တလေးကား လမ်းမပေါ်သို့ လဲကျနေသောကြောင့် ဒိုက်ဦးမြို့နယ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁+၆)ဦး၊ အရန်(၂)ဦး စုစုပေါင်း တပ်ဖွဲ့ဝင်(၉)ဦးတို့ဖြင့် ည (၈) အချိန်ခန့် ထွက်ခွာခဲ့ရာ ရှင်းလင်းရေးလုပ်ငန်းများကို (၁၀)နာရီအချိန် တွင်ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)